သင်္ဃန်းကျွန်း ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲတွင် ပူဖောင်းမှုတ်ပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲ၊ သံပုံးရိုက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဂုံနီအိတ်စွတ် ပြိုင်ပွဲနှင့် အင်္ကျီကြယ်သီးတပ်ပြိုင်ပွဲ အမျိုးအစား (၇)မျိုး ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား/သူ ၂၀ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ ကျောင်းသား/သူ များအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး