မောင်တော ဒီဇင်ဘာ ၁၆
မောင်တောခရိုင်၊ မောင်တောမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်း မှ စတင်ကာ မြို့မအားကစားကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် အားကစား ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ တင်းနစ်ပြိုင်ပွဲတွင် နှစ်ယောက်တွဲ(၁၂)ဖွဲ့၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၁၂) သင်း၊ လှံဆွဲပွဲတွင် အမျိုးသား(၁၀)ဖွဲ့၊ အမျိုးသမီး(၄)ဖွဲ့၊ ချောတိုင်တက်ပြိုင်ပွဲတွင် (၁၃)သင်း၊ ခြင်းလုံးခတ်ပြိုင်ပွဲတွင် (၁၂)သင်း တို့က ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြပြီး အနိုင်ရရှိသော အသင်း၊ အဖွဲ့များအား မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဝင် ဦးဦးခင်မောင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး