လမိုင်း ဒီဇင်ဘာ ၁၆
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ပြန်ကြားရေးနှင် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေး စာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် အားလပ်ချိန်များ ကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ ကိုယ်ပိုင် တီထွင်တတ်သည့် အတွေးအခေါ်များရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကလေးစာဖတ်ခန်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုံပြင်ပြောပြခြင်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် မြို့ဦစီးမှူး ဒေါ်ဖြူဖြူအေးက ကလေးသူငယ်များအနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုတတိုးပွားလာစေရန်၊ စာကြည့်တိုက်ကို လာရောက် အသုံးပြုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ခြင်း၏အကျိုး ပုံပြင်ပြောကြားခြင်း ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခြင်းနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ် ခဲ့ကြောင်း သိရသည်။
လမိုင်း(ပြန်/ဆက်)