သတင်းများ

မင်းပြားမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
Dec 16,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မင်းပြားမြို့ ရာမောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်ကုန်းကျေးရွာနှင့် လက်ပံတစ်ပင်ကျေးရွာများမှ အိမ်ထောင်စုပေါင်း (၈၀၀)ကျော်အတွက် သောက်သုံးရေဂါလံ ၉၆၀၀ သွားရောက်လှူဒါန်း
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ပေါက်ကုန်းကျေးရွာနှင့် လက်ပံ တစ်ပင်ကျေးရွာများမှ အိမ်ထောင်စုများ သောက်သုံးရေအခက်အခဲ မဖြစ်ပေါ်စေရန်အတွက် မင်းဘူး ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သောက်သုံးရေဂါလံ ၉၆၀၀ ကို ဝယ်ယူပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) တွင် စာဖတ်ဝိုင်းကျင်းပ
Dec 16,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေ မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်၊ စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန်၊ အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းစီမံကိန်းများ၊ ရင်းနှီးမြှုပ်နှံမှုအဆိုပြုချက်များ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 16,2021
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုင်ငံပိုင်အခန်း ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များ စိစစ်သုံးသပ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ ဝိုင်းဝန်းဆောင်ရွက်ပေး
Dec 16,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများ အလိုက် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် လုပ်ငန်းများ ထိရောက် မြန်ဆန်စေရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက နိုဝင်ဘာလ ၃၀ရက်မှ စတင်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Dec 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသင်း၏   “နိုင်ငံတစ်ခု ကြီးပွားခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကော့သောင်းမြို့သို့ လေကြောင်း ခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား စဉ်ဆက်မပြတ်စစ်ဆေးလျက်ရှိ
Dec 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော့သောင်းမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသူများအား မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ရောဂါထိန်းချုပ်ကာကွယ်ရေး စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပိုင်ကျုံမြို့ရုံးတွင်  အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိ
Dec 16,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည်  မြို့အတွင်းရှိ ပြည်သူများအား မှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီ သိရှိနိုင်စေရန်နှင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် အသိ ပညာပေး ပြသထားလျက်ရှိရာ မြို့အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများ စိတ်ဝင် တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။