မင်္ဂလာဒုံ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း လျှော့ချရေး စုပေါင်းအဖွဲ့မှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ပညာရေး စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စင်တာတွင် ထားရှိပြီး RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိ ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့များက ဓာတ်ခွဲအတည်ပြု၍ စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးစင်တာတွင် တာဝန်ထမ်းဆောင်နေသော ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရန်အတွက် ယနေ့နံနက်(၉)နာရီမှစ၍ ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ RDT Test Kit ဖြင့် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်ယူပြီး ဓာတ်ခွဲအတည်ပြု စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)