မြဝတီခရိုင်အတွင်းရှိ ဆုံဆည်းမြိုင်ကျေးရွာတွင် ယခုနှစ် ပဲတီစိမ်းစိုက်ပျိုမှု အောင်မြင်ဖြစ်ထွန်းလျက်ရှိ

စုကလိ  ဒီဇင်ဘာလ  ၁၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မဲကုလားကျေးရွာအုပ်စု၊ ဆုံဆည်းမြိုင်ကျေးရွာတွင် ပဲတီစိမ်းသီးနှံ စိုက်ပျိုး မှုမှ ယခုနှစ်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ပဲတီစိမ်းကို ပြောင်းစိုက်ရာသီပြီးလျှင် သီးသန့်စိုက်ပျိုးသကဲ့သို့ ပြောင်းစိုက်ခင်းများတွင်လည်း သီးညှပ်စိုက်ပျိုး ကြသည်။ "ပဲတီစိမ်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်နည်းပြီး ပဲဈေးကောင်းလျှင် ပိုမို အကျိုးအမြတ် ရရှိသဖြင့် စိုက်ပျိုးသင့်သည့် သီးနှံတစ်ခုဖြစ်ပြီး ပဲတီစိမ်းကို ဝါခေါင်းလဆန်း၌ စတင် စိုက်ပျိုးရာတွင် ပြောင်းစိုက်ပျိုးမှုပေါ် မူတည်ပြီး မိုးလေဝသအခြေအနေရ မိုးရွာစောပါက စောစော စိုက်ပျိုးလျှင် အောင်မြင်ဖြစ်ထွန်းမှုပို၍ရရှိပြီး ပဲများပိုးကျရောက်မှုလည်း နည်းပါးသည်။ စိုက်ပျိုးရေး ဦးစီးဌာနမှလည်း ကွင်းဆင်း၍ အသိပညာပေးသဖြင့် နည်းစနစ်တကျစိုက်ပျိုးမှုကြောင့် ယခင်နှစ် (၁) ဧက (၁) တင်းခွဲစိုက်ရပြီး ယခုနှစ်တွင် (၆)ပြည် သို့မဟုတ် (၈)ပြည် အများဆုံးသာ စိုက်ပျိုးရခြင်း ကြောင့် ကုန်ကျစရိတ်သက်သာ၍ ပဲများလည်း ပိုမိုဖြစ်ထွန်းလျက်ရှိသည်။ ယခုနှစ် (၁)ဧက အထွက် နှုန်းမှာ (၂၀) တင်းလောက်သာ ထွက်ရှိပြီး ယခုနှစ်တွင် (၁)ဧက အထွက်နှုန်း ခန့်မှန်း (၄၅)တင်း" ရှိ မည်ဟု တောင်သူ ဦးမြင့်က ပြောကြားခဲ့သည်။

ဆုံဆည်းမြိုင်ကျေးရွာမှ ထွက်ရှိသော ပဲတီစိမ်းများကို ထိုင်းနိုင်ငံသို့သာ ရောင်းချမှုများပြီး ယခုနှစ် တွင် စိုက်ပျိုး ဦးစီးဌာနက ပြည်တွင်းတွင် ရောင်းချနိုင်အောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဒေသခံတောင်သူများ၏ လိုအပ် ချက်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း စုကလိမြို့ စိုက်ပျိုးရေး ဉီးစီးဌာနမှ သိရှိရသည်။

စုကလိ(ပြန်/ဆက်)