ကျိုက်ဒုံမြို့တွင် (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျိုက်ဒုံ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ အမှတ် (၂ ) ရပ်ကွက် မြို့မအားကစားကွင်း၌ ယနေ့နံနက်  ၇ နာရီက (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် အားကစား သမားများမှ အားကစားကွင်း၌ နေရာယူခြင်း၊ အားကစား အဓိဌာန်ရွတ်ဆိုခြင်း၊ စစ်ကြောင်းပုံဖြင့် ချီတက် အလေးပြုခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုနောက် (၈၄) ကြိမ်မြောက် ကရင်နှစ်သစ်ကူး အထိမ်းအမှတ် အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊ KPF-BGF ကြီးကြပ်အုပ်ချုပ်ရေး ကွပ်ကဲ့ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးစောအဲ့မွီမှ အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားသမားများအချင်းချင်း ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့် ကောင်းသောစိတ်ဓါတ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြရန်၊ အားကစားသမားများ၏ စည်းမျဉ်း စည်းကမ်းများအား လိုက်နာကြရန်စသည့်  အကြောင်းအရာများ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အားကစားပြိုင်ပွဲတွင် ကျိုက်ဒုံမြို့ပေါ်နှင့်ကျေးရွာများမှ ပါဝင်ယှဉ်ပြိုင် ကစားကြမည့် အားကစား ဘော်လုံးအသင်း (၁၈) သင်း၊ အမျိုးသားဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့် အခြားအားကစားနည်းများ ထည့်သွင်းထားကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)