မန့်ဟီးရိုး ဒီဇင်ဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများ အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ လျင်မြန်စွာ ကူးစက်ပြန့်ပွားနေပြီး သေဆုံးမှုများမြင့်မားလျက်ရှိသဖြင့် ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်မှာ နေကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များလက်မခံကြရန်၊ အရေးကြီး ကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင် ကြရန်၊ Mask မတပ်ထားသူများနှင့် စကားပြောခြင်း၊ စျေးဝယ်ခြင်းများ မပြုလုပ်ကြရန်၊ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆသ်သွယ်ပြီး ဆေးကုသမှုခံယူရန်၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံကြရန်၊ ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုကို တားဆီးကာကွယ်နိုင်ရန်အတွက် ပြည်သူများ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို Hand Speaker ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။
ဆိုင်းမိုင်(မန့်ဟီးရိုး)