အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်

အင်ဂျန်းယန်   ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ကချင်ပြည်နယ် အခမဲ့ ဆေးဝါးကုသရေး ဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာဘွန်ယွန်နှင့် အဖွဲ့ဝင်များ၊ အင်ဂျန်းယန်မြို့နယ် ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဦးထွေးညွန့်လွင်နှင့် ဝန်ထမ်းများသည် ဒီဇင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီက အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမသို့ ရောက်ရှိပြီးဒေသခံ ပြည်သူများအား ကိုဗစ်၁၉ကာကွယ်ဆေး(Sinophram) ထိုးနှံပေးခြင်း လုပ်ငန်းများ   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(Sinophram) ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့ပေါ် ရပ်ကွက် (၄) ရပ်ကွက်နှင့် ကျေးရွာနေ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒီဇင်ဘာ ၁၄ ရက် မှ ဒီဇင်ဘာ ၁၆ ရက် အထိ ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အင်ဂျန်းယန်