မိုင်းခုတ်မြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် နံရံကပ်စာစောင်ပြသ

မိုင်းခုတ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၌ ယနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ပါ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများနှင့် ဦးတည်ချက် (၉) ရပ်ပါ ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများအား ထည့်သွင်းပြသထားရှိပြီး ပြည်သူများက စိတ်ပါဝင်စားစွာလာရောက် ကြည့်ရှုလျက်ရှိကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း (ပြန်/ဆက်)