အထက်မင်းလှ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီဌာနရုံတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်များနံရံကပ် စာစောင်များ ပြသထားရာ ယနေ့နံနက်ပိုင်းက ကျောင်းသား/ကျောင်းသူများ လာရောက်ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံ များအားပြ သထားရာကျောင်းသား/ကျောင်းသူများမှ စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)