ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၁၆
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ကလေးငယ်များအား ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရေး ကလေးငယ်များ အချင်းချင်း ပူးပေါင်းပါဝင်ဆောင်ရွက်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရေးနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းအား အလွယ်တကူ ဝင်ထွက်သွားလာ အသုံးချ တက်လာစေရေးအတွက် ရည်ရွယ်၍ ကလေးငယ်များအတွက် ပြိုင်ပွဲများကို ပြုလုပ်ကျင်းပပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ၌ ယမန်နေ့ညနေ ၃ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ကျင်းပ ပေးခဲ့ပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်က စာရေးကိရိယာနှင့် ဗလာစာအုပ်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး