ဘီးလင်း ဒီဇင်ဘာ ၁၆
သထုံခရိုင်၊ဘီးလင်းမြို့နယ်၊ ဇွဲကလာကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက်ပိုင်းကပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာဦး စီးမှူးရုံးမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးသိန်းထွဋ်အောင် ဦးဆောင်သော ဝန်ထမ်းများ ကကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီဇွဲကလာကျေးရွာအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၆၂)ကတ်တို့ကို ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)