ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ နွားမေထုန်မဲ့ သားစပ်နည်းသင်တန်း ဖွင့်လှစ်ပို့ချ

ဇီးကုန်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ နွားမေထုန်မဲ့ သားစပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး ခန်းမ၌ စတင်ဖွင့်လှစ် သင်ကြားပေးလျက် ရှိသည်။

သင်တန်းတွင် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းနှင့် ဆောင်ရွက်လုပ်ကိုင်ပုံများကို ရှင်းလင်းပြောကြားခဲ့ပြီး နွားမေထုန်မဲ့ သားစပ်နည်းကို စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးလျက် ရှိသည်။

အဆိုပါ သင်တန်းသို့ ဇီးကုန်းမြို့နယ်အတွင်းမှ အခြေခံတိရစ္ဆာန် ကျန်းမာရေးဝန်ထမ်းများနှင့် စိတ်ပါဝင်စားသော မွေးမြူရေးသမားများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)