ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်

ဘိုကလေး ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုဘွားများအား  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ အုပ်ချုပ်ရေးအဖွဲ့များ နှင့်ပူးပေါင်း၍ ဘိုးဘွားများ၏ လက်ဝယ်အရောက် တစ်ဦးလျှင်  လူမှုရေးပင်စင် ငွေကျပ်(၃၀၀၀၀)အား ထောက်ပံ့ပေးလျက်ရှိပြီး ကျေးရွာအုပ်စုများမှ ဘိုးဘွားများအား ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဘိုးဘွားများ၏ လက်ဝယ် အရောက် ထုတ်ပေးလျက်ရှိသည်။

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ခြင်းလုပ်ငန်းအား ဒီဇင်ဘာ (၁၄)ရက် ညနေပိုင်းမှစတင်၍ ထောက်ပံ့ ပေးလျက်ရှိပြီး ယခုထောက်ပံ့သည့် လူမှုရေးပင်စင်များမှာ (၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်အတွက် ပထမ() လပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလများအတွက်ဖြစ်ကြောင်း၊ တစ်လလျှင် ငွေကျပ်(၁၀၀၀၀)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀)အား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ဘိုကလေးမြို့ ပေါ်ရပ်ကွက်များတွင် ထောက်ပံ့ပေးအပ်ရသည့် ဘိုးဘွားပေါင်း (၁၉၈)ဦးနှင့် ကျေးရွာအုပ်စုများတွင် ထောက်ပံ့ပေးအပ်ရသည့် ဘိုးဘွားပေါင်း (၆၆၅)ဦးရှိကာ စုစုပေါင်း(၈၆၃)ဦးရှိကြောင်း မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

မိုးစက်