စလင်း ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား ယမန်နေ့ နေ့လည် ၁ နာရီအချိန်က စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ကြရန် လက်ပံဦးကျေးရွာအုပ်စုနှင့် ဖောင်လင်းကျေးရွာအုပ်စုများသို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် စလင်းမြို့နယ်အတွင်းရှိကျေးရွာများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဉပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုး ပြုလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပူးပေါင်းထားသည့်အဖွဲ့များ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ လက်ပံဦးကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဖောင်းလင်းကျေးရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းသန်းဦးဆောင်၍ မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွာခွဲတာဝန်ခံများ၊ ဆယ်အိမ်စုမှူးရွာခွဲ တာဝန်ခံများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ တရားဉပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရပ်ရွာအတွင်း မှုခင်းကျဆင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးများ ရရှိနိုင်စေရေး၊ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ လယ်ယာမြေစာရင်းအင်းများနှင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်လက်ဝယ်ကိုင်ဆောင်နိုင်စေရေး၊ ထူးခြားဖြစ်စဉ်များရှိပါက ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတဆင့် မြို့နယ်ဌာနဆိုင်ရာအသီးသီးသို့ အချိန်နှင့်တပြေးညီ တင်ပြရန်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ဆွေးနွေးတိုင်ပင်ပေါင်းစပ်ခဲ့ပြီး ရပ်မိရပ်ဖများက လိုအပ်သည်များကို တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနဆိုင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)