သတင်းများ

လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းသီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ ပဲပုပ် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရွှေဂွန်းကျေးရွာ တိုက်နယ် အုပ်စု၌ ဆောင်းသီးနှံအဖြင့် မြေပဲ၊ နှမ်း၊ ပဲပုပ်စိုက် ခင်းများကို တောင်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလုပ်ကိုင်နေလျက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။
မော်လမြိုင်ခရိုင်တွင် လူငယ်များစဉ်းစားတွေးခေါ်မှု မြင့်မားစေရေး စစ်တုရင် သင်တန်း ဖွင့်လှစ်
Dec 29,2021
လူငယ်၊လူရွယ်များ ကာယ၊ဉာဏ စွမ်းရည်ပြည့်စုံပြီး စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စစ်တုရင်သင်တန်း ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ပေါ်ဦးပေါ်ဖျား ဒန့်ဒလွန်သီးများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသူများအနေဖြင့် အဆင်ပြေ
Dec 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား ဒန့်ဒလွန်သီးများ ဈေးကောင်းရရှိသည့်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် တောင်သူများအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း အမှတ် (၂)ရပ်ကွက်ရှိ တောင်သူတစ်ဦးထံမှ သိရသည်။
နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ တွင်းကြီးကျေးရွာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် အသိပညာပေး ဟောပြောပွဲနှင့် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က တွင်းကြီးကျေးရွာ ဗောဓိဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ် စည်ပင်သာယာမြို့မဈေး မီး‌ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်း ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်စီးဆုံးရှုံးမှုများ၊ ဈေးများ၊ ဘာသာရေးအဆောက်အအုံများ၊ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့နယ် ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲကျင်းပ
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဘုရားငါးဆူ စေတီတော်မြတ်ကြီးတွင် (၃၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို အောင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ရောဂါ ကာကွယ်‌ဆေးထိုးနှံ‌ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက အမှတ်(၃)ရပ်ကွက် နှင့် အမှတ်(၅) ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။