တံတားဦး ဒီဇင်ဘာ ၂၉
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် တွင် ကိုဗစ်-၁၉ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီ ခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးလမ်းညွှန်ချက်များအား အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ဥတည်ကျေးရွာအုပ်စု တောင်တော်ဆိပ်ရပ်အတွင်း Hand Speaker ဖြင့်ဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့်ကိုဗစ်-၁၉ ရောဂါကူးစက်မှုမခံရစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန်နှင့် ဧည့်သည်များလက်ခံခြင်းမပြုရန်၊ နေအိမ်ပြင်ပသို့ ထွက် လျှင် နှာခေါင်းစည်း(Mask)တပ်ခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက Hand Speaker ဖြင့် အရှိန်အဟုန်မြှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ရဲတင့်(တံတားဦး)