သတင်းများ

စဉ့်ကိုင်မြို့နယ် လူထုခြေပြုဗဟိုဌာနတွင် အားကစားဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Dec 29,2021
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ  ကျန်းမာကြံ့ခိုင်ပြီး   ကျန်းမာစေရန် နှင့် အားကစားကို ကျယ်ကျယ်ပြန့်ပြန့်  ပြုလုပ်နိုင်ရန်  ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားဆိုင်ရာ အသိပညာဆွေးနွေး(Talk  how) ကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)  ခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်ရှိ နားမကြားသောကလေးများကျောင်း (ရန်ကုန်) မှ ကျောင်းသား/သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Dec 29,2021
“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသက် (၁၂) နှစ်နှင့်အထက် ကျောင်းသား/သူလေးများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ
ရေတာရှည်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေး ဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ဖြူးမြို့နယ်၌ ပြုလုပ်
Dec 29,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်းက ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျေးရွာအုပ်စု (၈) အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။
မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်အတွင်း Hand Speaker ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ အ.မ.က မြန်မာစုကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲကျင်းပ
Dec 29,2021
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အ.မ.ကမြန်မာစုကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ပိုင်ကျုံမြို့တိုက်နယ်‌ ဆေးရုံ၌ အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ခြင်းများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်  တိုက်တွန်းနှိုးဆော်ပေးလျက်ရှိ
Dec 29,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက   ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။