ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဘုရားငါးဆူ စေတီတော်မြတ်ကြီးတွင် (၃၃)ကြိမ်မြောက် အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို အောင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ဇယန်တောဂါထာတော်ရွတ်ဆို၍ ဖွင့်လှစ်ပြီး ဆင်ပေါင်ဝဲ မြို့နယ်၊ ကျောက်မှော် ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဓမ္မပီယ ဆရာတော် ထံမှ ရှငါးပါးသီလခံယူ ဆောက်တည်ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များက ပဌာန်းသံဆန်း ကဗျာများကို ရွတ်ဖတ်ပူဇော်ကြပြီး အောင်ပွဲအခမ်းအနား အား ရုပ်သိမ်းခဲ့ကာ သံဃာတော်(၃၅)ပါးအား အောင်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ပြည်သူများမှ ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြသည်။
အဆိုပါ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝတ်ရွတ် အသင်းများ၊ မြို့မိမြို့ဖများ၊ ဂေါပကအဖွဲ့ဝင်များ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြောင်း သိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)