သတင်းများ

သရက်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာ၊ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်၊ ကျေးရွာ၊ ဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်းခတ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို တေဇအားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ဆက်လက် ထိုးနှံပေး
Dec 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်ရောဂါ ကာကွယ်ဆေး မထိုးနှံရ သေးသည့် ဒေသခံပြည်သူများကို ယနေ့နံနက် ၉ နာရီက ပုလောမြို့နယ် ခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မော်လမြိုင်တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အခြေခံပညာ ကျောင်းများသို့ ဖြန့်ဝေ
Dec 29,2021
၂၀၂၂ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီက မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား လွတ်လပ်ရေးနှင့်သက်ဆိုင်သည့် အကြောင်းအရာများ ဗဟုသုတ ရရှိစေရန် ဖြန့်ဝေ ပေးကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်အတွင်းရှိ  ရပ်ကွက်ကျေးရွာများတွင်  မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေး လုံခြုံရေးဆိုင်ရာထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေး
Dec 29,2021
မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် မီး​လောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးဆိုင်ရာထားရှိမှုအခြေအနေများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောမကျေးရွာအတွင်းရှိနေအိမ်များကို တစ်အိမ်တက်ဆင်း စစ်ဆေးခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးဌာန မှသိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံနိုင်ရေးနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Omicrom) ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြန်မာ၊ ရှမ်းဘာသာနှစ်မျိုးဖြင့် အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းကို ညောင်နီကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲဆောင်ရွက်
Dec 29,2021
ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြပွဲနှင့် စာအုပ်ပြပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲနိုင်ရေး အသုံးစရိတ်စိစစ် သည့် အစည်း အဝေးတက်ရောက်၊ စည်ပင်သာယာရေးအဖွဲ့၏ မြို့ရွာသန့်ရှင်းသာယာလှပရေး ဆောင်ရွက် မှုများအား ကြည့်ရှုစစ်ဆေး
Dec 29,2021
ကရင်ပြည်နယ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းရေးဆွဲနိုင်ရေး အသုံးစရိတ်စိစစ် သည့် အစည်း အဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။