လှိုင်းဘွဲမြို့နယ် ကမ်းနီကျေးရွာတွင် အခြေခံရှေးဦးပြုစုနည်းသင်တန်းဖွင့်လှစ်
Jan 21,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကမ်းနီကျေးရွာတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လူငယ်၊ လူရွယ်များ အခြေခံရှေးဦး ပြုစုခြင်းနှင့်ပတ်သက်၍ သိရှိနိုင်စေရန်နှင့် လူနာများအား ရှေးဦးပြုစုရာတွင် စနစ် တကျ ဆောင်ရွက်တတ်စေရန်အတွက် ရည်ရွယ်၍ အခြေခံရှေးဦးပြုစုနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက ကမ်းနီကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။