ပခုက္ကူမြို့နယ်၌ ပန်းခင်းစီမံချက်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်

ပခုက္ကူ ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင်  အိမ်ထောင်စုလူဦးရေစာရင်းနှင့်ကိုင်ဆောင်သင့်သော ကတ်တစ် မျိုးမျိုး ထုတ်ပေးရေးပန်းခင်းစီမံချက်ဖြင့် လှုပ်ရှားဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေ အုပ်ချုပ ရေးဦးစီးဌာနရုံးဝန်းအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်အသီးသီးတို့၌ ပန်းခင်းစီမံချက် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်အခမဲ့ဖြန့်ဝေခြင်း လုပ်ငန်းများဆောင်ရွက်ကြသည်။

အဆိုပါ လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကွပ်ကဲကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း နှင့်ဝန်ထမ်းများက  ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် လုပ်ငန်းအကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက် လွယ်ကူလျင်မြန်စေရန် ရည်ရွယ် ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်ပုံနှင့်အရေးကြီးပုံများ၊ နိုင်ငံသားစိစစ် ရေးကတ်ပြား ကိုင်ဆောင် ထားခြင်းမရှိသူများ ကြုံတွေ့လာနိုင်သည့်အခက်အခဲ၊ပြဿနာများ၊ ပျောက်ဆုံး၊ပျက်စီးသူများ အတွက် ပြန်လည်ဆောင်ရွက်ပေးသည့် အကြောင်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်ရာတွင် လိုအပ်မည့် အချက်အလက်များအကြောင်းတို့ကို ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုး စုရပ်သုံးနေရာတို့တွင် လိုက်လံရှင်းလင်းအသိပေးဆောင်ရွက်ကြပြီး ကာကွယ် ဆေးလာရောက်ထိုးနှံသည့် ပြည်သူလူထု (၂၀၀)ဦးထံ ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေကြသည်။

ပန်းခင်းစီမံချက်အသိပညာပေးလက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခြင်း ဖြင့် မှတ်ပုံ တင်၏အသုံးဝင်ပုံ၊ မှတ်ပုံတင်မရှိသူများကိုမှတ်ပုံတင်ပြုလုပ်ပေးခြင်း၊ မှတ်ပုံတင်လဲလှယ်ပေး ခြင်း၊ မှတ်ပုံတင်ပျက်စီး၊ ပျောက်ဆုံးအိမ်ထောင်စုလူဦးရေစာရင်းမိတ္တူပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စု ဆိုင်ရာမွေးဖွားသေဆုံးအိမ်ထောင်စုလူဦးရေ စာရင်းမိတ္တူများပြန်လည်ပြုလုပ်ပေးခြင်း၊ ရပ်ကွက်/ကျေးရွာ များအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ မြို့နယ်ဦးစီးမှူးရုံး၌ နေ့စဉ်ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်သိရှိကြပြီး မိမိတို့ရရှိနိုင်မည့်အခွင့်အရေးများ မဆုံးရှုံးစေရန် အတွက် အရွယ်ရောက်ပြီးသူနိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများလျှောက်ထားကိုင်ဆောင်ကြ ရန် လိုအပ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)