လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း)     ဒီဇင်ဘာ  ၂

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့"ဟူသော ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါနိုင်ငံသားစိစစ်ရေးပေးအပ်ပွဲအခမ်းအနားတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ် အထွေထွေအုပ်ရေးဦးစီဌာနမှ မြို့နယ်အုပ်ရေးမှူး ဦးစိုးဝင်းနိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကိုကိုက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးရသည့် အကြောင်းအရာ များကို ပြောကြားခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ အမှတ်(၁)ရပ်ကွက် နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်ကိုင်ဆောင်သည့် ကတ်ပြားများနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားကတ် ကိုင်ဆောင်သည့်ကတ်ပြားများ စုစုပေါင်း (၂၆၅)ကတ်နှင့် အိမ်ထောင်စုစာရင်းတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ပေးအပ်ခဲ့သည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ် ဆောင်ရွက်ပေးခြင်းကို မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာအုပ်စု များကိုလည်း ဆက်လက်၍ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

ဝေဝေ