တံတားဦးမြို့နယ်၌ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် ရေးဖြေစာမေးပွဲ ဆက်လက်ကျင်းပ

တံတားဦး  ဒီဇင်ဘာ ၂၆

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့်  အဘိဓမ္မာ နှင့် ဝိသုဒ္ဓိမဂ် ရေးဖြေစာမေးပွဲကို တံတားဦးမြို့ မေဃဝန်ပရိယတ္တစာသင်တိုက် ရွှေမင်းသမီး ဓမ္မာရုံ၌ ယနေ့မွန်းလွဲ(၁)နာရီက ဆက်လက်ကင်းပကြောင်းသိရသည်။

အဆိုပါစာမေးပွဲ ဖြေဆိုရာသို့ တံတားဦးမြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌ ဂိုဏ်းထောက် ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယကဆရာတော်နှင့် အကျိုးတော်ဆောင်ဆရာတော်များက ကြီးကြပ်ပေးပြီး မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာမေးပွဲကျင်းပရေးကော်မတီဝင်များက ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြသည်။

အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် ရေးဖြေစာမေးပွဲတွင် အဘိဓမ္မာ ပထမအဆင့်၌ စာမေးပွဲ ဖြေဆိုရန် စာရင်းပေးသွင်းသူပေါင်း(၄၄)ဦး၊ ဒုတိယအဆင့်၌ဖြေဆိုရန်စာရင်းပေးသွင်းသူပေါင်း(၂၀)ဦး၊ တတိယအဆင့်၌  ဖြေဆိုရန်စာရင်းပေးသွင်းသူပေါင်း(၆)ဦးရှိကြောင်း သိရသည်။

ရဲတင့်(တံတားဦး)