မြန်အောင် မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်

မြန်အောင် ဒီဇင်ဘာ  ၂၆

 ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ် ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့မနေခြည်ဈေးရှေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

 မြန်အောင်မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂)စီး၊ ဒေသပိုင်မီးသတ်ယာဉ်(၁)စီး၊ ပါရမီလူမှုကူညီရေး အသင်းမှ ရေသယ်ယာဉ် တစ်စီးနှင့်မြို့ နယ်စည်ပင်သာယာရေးအဖွဲ့ မှရေသယ်ယာဉ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ခြင်း သရုပ်ပြဇာတ်တိုက်လေ့ကျင့်ကြပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း လေ့ကျင့်ခဲ့ကြသည်။ ဆက်လက်၍ မြို့မနေခြည်ဈေးတွင် အသုံးပြုလျက်ရှိသော လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်းရှိ/မရှိနှင့်ဈေးအတွင်းရှိ မီးသတ်ရေကန်နှင့်မီးငြှိမ်းသတ်ရေးပစ္စည်းများ ကောင်းမွန် ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြသည်။

မြို့မနေခြည်ဈေး မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း‌အား ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်၊ မြန်‌အောင်မြို့မရဲစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာ‌ ရေးအဖွဲ့ အမှုဆောင်အရာရှိနှင့်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီး မှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသပိုင် မီးသတ်အဖွဲ့ဝင်များ၊ ပါရမီလူမှုကူ ညီရေးအဖွဲ့ဝင်များနှင့်‌ဈေးသူ/ဈေးသားများပါဝင်၍ မီးငြိမ်းသတ် ခြင်း သရုပ်ပြဇာတ် တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။

ဝင်းဗိုလ်