ပိုင်ကျုံ ဒီဇင်ဘာ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ ဆွေးနွေး ပွဲ (Talk Show)ကို ယနေ့နံနက် ၉ နာရီခွဲက ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre )ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ် တန်းစာရေး(ပြ) ဦးစောဂျိုးဇက်ဂျူးက လူသားတိုင်း မိမိတို့၏ ဘဝတွင် လူကုန်ကူးမှုမခံရစေရန်၊ မိမိကိုယ်ကို ကာကွယ် တတ်ရန်နှင့် လူကုန်ကူးခံရပါကလည်း မိမိ၏လူမှုဝန်းကျင်တွင် ပုံမှန် ပြန်လည်နေထိုင်နိုင်ရန်အတွက် လိုအပ်သောသတင်း အချက်အလက်များရရှိရန် ရည်ရွယ်၍ အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့ ဦးစီးမှူး ဒေါ်နော်ခူးခူးက လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအချက်များ၊ လူကုန် ကူး ရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ၊ လူကုန်ကူး ခံရခြင်း၏နောက်ဆက်တွဲ အကျိုး ဆက်များ၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေမှပြစ်မှု၊ ပြစ်ဒဏ်များ စသည့်အချက် များကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)