ပန်းတနော်မြို့ သန့်ရှင်းသာယာလှပပြီး ( Clean City ၊Green City) ဖြစ်ပေါ်လာစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပန်းတနော်   ဒီဇင်ဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့ သန့်ရှင်းသာယာလှပပြီး (Clean City ၊ Green City) ဖြစ်ပေါ်လာစေရေး အတွက်မြို့ဝင်/မြို့ထွက် ရန်ကုန်-ပုသိမ်ကားလမ်းနှင့် ပန်းတနော်-ဝါးခယ်မ ကားလမ်းဘေးဝဲ/ ယာတို့တွင် ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက စုပေါင်း၍ မြို့ဝင်/မြို့ထွက် ရန်ကုန်-ပုသိမ်လမ်းနှင့် ပန်းတနော်-ဝါးခယ်မ လမ်းဘေး ဝဲ/ ယာတို့တွင်ရှိသည့် ပလပ်စတစ်အမှိုက်များကောက်ခြင်း၊ ပြည်သူများမှ မိမိတို့အပိုင် နယ်နိမိတ် အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ပြီး ခရီးသွားမော်တော်ယာဉ် လိုင်းကားများပေါ်တွင် အမှိုက်ခြင်းများထားရှိရန်၊ ယာဉ်ပေါ် ပါခရီးသည်များမှ စည်းကမ်းမဲ့အမှိုက် ပလပ်စတစ်များ မစွန့်ပစ်ရေး၊ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာကြစေရေးတို့အား အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)