အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကာကွယ်ရေး အသိပညာပေးနှိုးဆော်လျက်ရှိ
Dec 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုးကို အခြားသောနိုင်ငံများတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမရှိစေရေး ကြိုတင်ကာကွယ်သတိပြုနိုင်ကြစေရန်အတွက် အသိပညာပေး နှိုးဆော်ကြေညာ ခြင်းကို အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနမှဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီအချိန်၌ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးကျေးရွာများအတွင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရ သည်။