ဘုရားသုံးဆူ ဒီဇင်ဘာ ၂၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ တောင်သူများအနေဖြင့် ဆန်စပါးအပြင် အခြားရာသီသီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပီလောပီနှံ စိုက်ပျိုးထုတ်လုပ်သော တောင်သူများအနေဖြင့် ယခုနှစ်အတွင်း ပီလောပီနှံ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပီလောပီနှံစိုက်တောင်သူများအနေဖြင့် ယခင်နှစ်များတွင် ပီလောပီနှံဈေးကွက် ကျဆင်းခဲ့သော်လည်း ယခုနှစ်တွင် ပီလောပီနှံဈေး အခြောက် တစ်ကီလို ၄ ဘတ် (၃၀၀၀ ကျပ်) နှုန်းဖြင့် တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိပြီး ဘုရားသုံးဆူမြို့အနေဖြင့် ပီလောပီနှံစိုက် ဧကပေါင်း ၆၁၆ ဧက ရှိကြောင်း ဘုရားသုံးဆူမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စောရဲဝင်းထွဋ် (ပြန်/ဆက်)