အင်္ဂပူ ဒီဇင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့အတွင်း ဖြတ်သန်းသွားသော ဟင်္သာတ-ဆုံကုန်း-မြန်အောင် လမ်းမကြီး လမ်းဘေးဝဲယာအား သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ရေးနှင့် လမ်းဘေး ဝဲယာတွင် အမှိုက်များမစွန့်ပစ်ရေးတို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပြည်သူများစုပေါင်း၍ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်က စုပေါင်းအမှိုက်ကောက်ခြင်းပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းအမှိုက်ကောက်ခြင်း ပြုလုပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုးနှင့် မြို့ဌာနဆိုင်ရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ စျေးဆိုင်များ၊ ကားဂိတ်များ အမှိုက်စနစ်တကျ စွန့်ပစ်စေရေး၊ အမှိုက်ပုံးများ ထားရှိစေရေး၊ ကားပေါ်မှအမှိုက်များ မစွန့်ပစ်စေရေး အသိပေးဆောင်ရွက်ခြင်း၊ လမ်းဘေးဝဲယာရှိ ခြုံနွယ်များ ရှင်းလင်းခြင်း၊ မြက်များရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်းစသည့် စုပေါင်းအမှိုက်ကောက်ခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)