ရေဖြူ ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သော (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းတွင်း အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၇ နာရီက အ-ထ-ကရေဖြူ ကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။
အဆိုပါ အားကစားပြိုင်ပွဲများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဒေါ်ဖြူသီထွဏ်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနွယ်တို့က ကြီးကြပ်လျက် မူလတန်းအဆင့် မီတာ(၅၀)ကျား/မအပြေးပြိုင်ပွဲ၊ မီတာ (၅၀)ကျား/မ ကွမ်းသီးကောက်ပြိုင်ပွဲတို့ပြုလုပ်ခဲ့ပြီး ညနေ ပိုင်းတွင် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့ ပြေးခုန်ပစ်ပြိုင်ပွဲများဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများ၌ ဆုရရှိသူများအား (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆု များချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ