ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်း ပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၉

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မိဘပြည်သူ များအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်သော အတွေးအမြင်များနှင့် ဝေဖန်ပိုင်းခြား ဆုံးဖြတ်တတ်‌လာစေရေး စာအုပ်၊ စာစောင်များအား ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ၊ ရသ စာအုပ် စာစောင်များအား စနစ်တကျ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ၌ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်ရှိ ဇမိရတနာမြို့မ ဈေးအတွင်းသို့ သွား‌ရောက်ပြီး ဈေးသူ၊ ဈေးသား များအား သုတ၊ ရသ စာအုပ်၊ စာစောင်များကို စနစ်တကျ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး