တောင်ပြိုလက်ဝဲမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

တောင်ပြိုလက်ဝဲ ဒီဇင်ဘာ ၂၉

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်  ၁၀ နာရီအချိန် ကျင်းပသည်။

ရှေးဦးစွာ တောင်ပြိုလက်ဝဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးသိန်းနိုင်က စာအုပ်စာစောင်များ ခင်းကျင်းပြသရခြင်းနှင့် စာဖတ်ဝိုင်းပြု လုပ်ရခြင်း အကြောင်းရင်းများကို ရှင်းလင်းပြောကြားပြီး စာပေမြတ်နိုးသူ လူငယ်တစ်ဦးမှာ စာရေးဆရာ ညီညီနိုင်ရေးသားသော အုပ်ချုပ်ရေးနီတိများနှင့် ခေါင်းဆောင်မှု သဘောတရား စာအုပ်ဖြင့် အသီးသီး ဆွေးနွေးကြရာကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)