သာကေတ ၇/ အရှေ့ရပ်ကွက်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့် အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ် တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလပထမပတ်မှ စတင်၍ ပြည်သူများအား ဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက်အား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီလက်ရှိ ဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိသူ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း စသည့်နည်းလမ်းများဖြင့် အသက် (၁၀)နှစ်နှင့် အထက်နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်းအား ဆောင်ရွက်ပေးခဲ့ရာ ယမန်နေ့ မွန်းလွဲ(၁)နာရီတွင် ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့် အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် (၉၆)ဦးအနက် အသက်(၁၀)နှစ် ပြည့်နိုင်ငံသားကတ် ကျား(၉)ဦး၊ မ(၁၂)ဦး၊ အသက်(၁၈)နှစ် ပြည့် နိုင်ငံသားကတ်ကျား(၃)ဦး၊ မ(၁)ဦး နိုင်ငံသားကတ်လဲလယ် ကျား(၄)ဦး၊ မ(၄)ဦး၊ စုစုပေါင်း(၃၃)ဦးကို နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဆိုပါ(၃၃)ဦးကို လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်(လက်ထောက်ညွှန်ကြားရေးမှူး)၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးအရာရှိ ဦးသန်းဦးနှင့် တာဝန် ရှိသူများက ပြည်သူများ လက်ဝယ်သို့နေ့ချင်း ပြီးပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်ဆက်)