သတင်းများ

ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Dec 30,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကရင်သက္ကရာဇ် ၂၇၆၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် “ကရင်နှစ်သစ်ကူးနေ့” အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် (၇၄)နှစ်‌မြောက် လွတ်လပ်‌ရေးနေ့အကြို‌ ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲများ ကျင်းပ
Dec 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ (၁၂)နာရီက (၇၄)နှစ်‌မြောက် လွတ်လပ်‌ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်/စာစောင်ပြပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်၌ မြို့နယ်ပညာရေးဝန်ထမ်း (GEC) ငွေစုငွေ ချေးသမဝါယမအသင်း လီမီတက်၏ ‎၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်
Dec 29,2021
ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ပညာရေးဝန်ထမ်း (GEC) ငွေစုငွေချေး သမဝါယမအသင်းလီမီတက်၏ ‎၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ် လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲချိန်က မြို့နယ်အခြေခံပညာ အထက်တန်း(မိုင်းဖြတ်)ကျောင်းရှိ ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
(၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပရေး ညှိနှိုင်းဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူး၍ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ဆူးပဒေါင်းကျေးရွာမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Dec 29,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများ အရောက်အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ မွန်လွဲ ၂ နာရီက ဆူးပဒေါင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နေအိမ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို အခမဲ့ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်) ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက် (၁၀:၃၀)နာရီအချိန်က မြို့ပေါ် ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ (တတိယအကြိမ်) ပေးအပ်ပွဲကျင်းပ
Dec 29,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ရတိုင်း၊ ဟိုပန်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ "ပန်းခင်း" စီမံချက်ဖြင့် ဆောင်ရွက် ​ပေးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ (တတိယအကြိမ်) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်
Dec 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) တွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲအား ၂၉.၁၂.၂၀၂၁ ရက်နေ့ နေ့လည်(၁:ဝဝ) နာရီ အချိန်က ပြုလုပ်ကျင်းပခဲ့ကြောင်းသိရသည်။