နမ့်စန်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပမည်

နမ့်စန်() ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်း တာဝန်အလိုက် စနစ်တကျ ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း အားကစား ပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီထံမှ သိရသည်။

လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ()ရက်နေ့၌ မြို့နယ်အားကစားကွင်းတွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ယှဉ်ပြိုင်မည့် အားကစား အမျိုးအစားများမှာ သံပုံးရိုက်၊ ခေါင်းအုံးရိုက်၊ ချောတိုင်တက်၊ ပြေးခုန်ပစ် (ကျား/) အငယ်တန်း မီတာ (၁၀၀) မီတာ (၂၀၀) ပြေးခုန်ပစ် (ကျား/) အကြီးတန်း မီတာ (၁၀၀) မီတာ (၂၀၀) အာလူးကောက် () အငယ်တန်းနှင့် အကြီးတန်း လွန်ဆွဲ (ကျား/) သုံးချောင်းထောက် (ကျား/) အငယ်တန်းနှင့်အကြီးတန်း၊ အိတ်စွပ် (ကျား/) အငယ်တန်းနှင့်အကြီးတန်း စသည်တို့ဖြစ်ပြီး ဘော်လီဘောနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲကို ဇန်နဝါရီလ ရက်နေ့၌ စတင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့် အားကစားသမားများအနေဖြင့် မိမိတို့ပါဝင်ယှဉ်ပြိုင်မည့် အားကစား အမျိုးအစား အလိုက်ကို မြို့နယ်အားကစားပြိုင်ပွဲများ ကျင်းပရေး ဆပ်ကော်မတီနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ထံတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ကြောင်းနှင့် အားကစား ပြိုင်ပွဲအလိုက် ဆုရရှိသူများကို (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ညနေပိုင်း အားကစားဆုများ ချီးမြှင့်ခြင်း အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)