ကျိုက်ဒုံမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို(Talk Show)ဆွေးနွေးပွဲ ကျင်းပ

ကျိုက်ဒုံ ဒီဇင်ဘာ ၂၉ ရက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီခွဲက(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို (Talk Show)ဆွေးနွေးပွဲ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများကို မေးမြန်ဆွေးနွေးခဲ့ရာ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းမှ( Book Club)အဖွဲ့ဝင် ဒေါ်ယုမေမောင်မှ မြန်မာနိုင်ငံကို နယ်ချဲ့များက ကျူးကျော်စစ် သုံးကြိမ် ဆင်နွှဲသိမ်းပိုက်ခဲ့ရာ ထီးသုဉ်းနန်းသုဉ်းဖြစ်ကာ (၁၈၈၅) ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူကျွန်ဘဝသို့ ကျရောက်ခဲ့ရပုံ၊ သူကျွန်ဘဝက လွတ်မြောက်ရန်အတွက် မြန်မာပြည်တစ်ဝန်း တောင်ပေါ်မြေပြန့်မကျန် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက အသက်၊ သွေး၊ ချွေး မြောက်မြားစွာစတေးပြီး ကြိုးပမ်းခဲ့ကြပုံ စသည့် သမိုင်းအကြောင်းအရာများအား  အကျယ်တစ်ဝင့် အသိပညာပေး အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်