ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ အေးချမ်းပျော်ရွှင်စွာ ယှဉ် ပြိုင်ကစားနိုင်ရန်အတွက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈နာရီအချိန်က မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားကွင်းတွင် စတင်ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဖူဆယ်ကစားနည်းပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ပြေးခုန်ပစ်ပြိုင်ပွဲများအပါအဝင် အားကစားနည်း (၂၅)မျိုးကို ဇန်နဝါရီ(၁) ရက်နေ့မှ (၄)ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရန်လင်းအောင်ထံမှ သိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)