မာန်အောင်မြို့နယ်၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ ပန်းချီပြိုင်ပွဲများ ကျင်းပ

မာန်အောင် ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် မာန်အောင်မြို့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)စျေးတန်း၌ ၂၀၂၂-ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲတွင် မာန်အောင်မြို့အခြေခံပညာထက်တန်းကျောင်း(ခွဲ)စျေးတန်းမှ အထက်တန်း ကျောင်းသား ၊ ကျောင်းသူ ၅၂ဦး မှ စာစီစာကုံးပြိုင်ပွဲ တွင်``လွတ်လပ်ရေးအမွေနှင့် အနာဂတ်မျိုးဆက်သစ် တို့၏တာဝန်´´ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းနှင့် မူလတန်းအထက်ဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၄၂ဦး က``လွတ်လပ်ရေး ပွဲတော်တို့နွဲပျော်´´ခေါင်းစဉ်ဖြင့် ပန်းချီကိုလည်းကောင်း၊ မူလတန်းအောက်ဆင့်ကျောင်းသား၊ ကျောင်းသူ ၄၉ဦး က ပုံတူပန်ချီကိုလည်းကောင်းဝင်ရောက် ၊ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဇန်နဝါရီလ၄ရက်နေ့တွင ထက(ခွဲ)စျေးတန်းတွင် ကျင်းပမည့်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်လွင်ထံမှသိရသည်။

သိန်းဖေ(ပြန်/ဆက်)