ကျိုက်မရော ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၂ခု နှစ်ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစောင်များကို ကျိုက်မရော မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများကယနေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းဝများနှင့် စျေးများတွင်ပြည်သူများလေ့လာဖတ်ရူနိုင်စေရန်လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်ပြည်သူတိုင်းသိထားသင့်သည့်မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ ဗိုလ်ချုပ် အောင်ဆန်း၏ အလယ်ပစ္စယံညီလာခံ၌ပြောကြားသောမိန့်ခွန့်မှကောက်နှုတ်ချက်များ၊ ၁၉၄၈ခု နှစ်၊ ဇန်နဝါရီလ၄ရက်နေ့တွင် ပထမဆုံးသော လွတ်လပ်ရေးနေ့ အခမ်းအနားတွင်ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၆)လပြည့် ်နိုင်ငံတော် တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သက်၍ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ လွတ်လပ်ရေးနေ့ နှင့်သက်ဆိုင်သော ကဗျာ၊ဆောင်ပုဒ်များ၊ကာတွန်းများကို ထည့်သွင်းဖော်ပြပေးထား သည်။
ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းသည် ပြည်သူများ ဗဟုသုတ ရရှိစေရန်နှင့်မိမိတိုနိုင်ငံ၏ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်ကြစေရန် ရည်ရွယ်ချက်ဖြင့် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)