အားကစားနှင့် ကျန်းမာရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်

မံစီ    ဇန်နဝါရီ  ၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန  (Community Centre)  ခန်းမ၌ ယမန် နေ့လည် ၁၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် ကျန်းမာရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲကို အများပြည်သူများ အားကစားနှင့်ပတ်သက်သည့် အသိပညာများ ရရှိစေရန်နှင့် အားကစားလှုပ်ရှားမှုများမှ ရရှိလာမည့် ကျန်းမာရေးအကျိုးကျေးဇူးများကို သိရှိပြီး ကိုယ်တိုင်ပါဝင်လာကာ အားကစားလှုပ်ရှားမှုမှရရှိသည့် ကျန်းမာရေးအကျိုးကျေး ဇူးများကို ခံစားရရှိနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အသိပညာပေးလုပ်ငန်းများကို အွန်လိုင်းမှတဆင့် ပြုလုပ်လျက်ရှိနေခြင်းဖြစ်ပြီး အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲကို  အွန်လိုင်းမှတဆင့် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြတ်နန်းခိုင်က ပြောကြားသည်။

အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးစိုးဝင်းသန်းက အားကစားအမျိုးမျိုးအကြောင်းနှင့် အားကစားပြုလုပ်ခြင်းမှ ရရှိလာသည့် အကျိုးကျေးဇူးများကို  အကျယ်တဝင့် ရှင်းလင်းဟောပြော ဆွေးနွေးခဲ့ကြောင်း သိ ရသည်။

မြို့နယ်(ပြန်/ဆက်)