ကျိုင်းတုံ ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာ အသင်းတို့ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂ ရက် က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးလှမြင့်က မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ခဲ့ရမှု၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း ဆွေးနွေးပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးဝင်းမိုးက (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၄)ရပ် အကြောင်းနှင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား အသီးသီး၊ လူတန်းစားအသီးသီး၊ အသင်းအဖွဲ့အသီးသီးတို့ အပြင်းအထန် ကြိုးပမ်းမှုကြောင့် ရရှိလာသည့် လွတ်လပ်ရေးကို တစ်နိုင်ငံလုံးရှိ တိုင်းရင်းသား ပြည်သူလူထုအားလုံး ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် We Love KyaingeTong Facebook Page စာမျက်နှာတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)