ထီးချိုင့် ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က (၇၄)နှစ်မြောက် လွတ် လပ်ရေးနေ့အထိမ်းအမှတ်အနေဖြင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်က စာအုပ်စာစောင်များ ခင်းကျင်းပြသပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်များပြသခြင်းမှ စာပေဝါသနာရှင် များအနေဖြင့် မိမိကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာသိရှိကာ စာကြည့်တိုက်သို့ စာအုပ်များ လာရောက်ငှားရမ်း သည့်အခါတွင် ဘာသာရပ်အလိုက် အလွယ်တကူငှားယူနိုင်မည်ဖြစ်၍ များစွာအကျိုးရှိကြောင်း အသိပညာ ပေး ဟောပြောခဲ့ပါသည်။
ထို့နောက် Community Centre ခန်းမတွင် ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ် စာစောင်များအား စာပေဝါသနာ ရှင်များက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ရဲလင်းထွန်း(ထီးချိုင့်)