မြဝတီ ဇန်နဝါရီ ၂
ကရင်သက္ကရာဇ် ၂၇၆၁ခု နှစ်၊ ပြာသိုလဆန်း (၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့ အခမ်း အနားကို မြဝတီမြို့ ကရင်အမျိုးသားထာဝရနှစ်သစ်ကူးကွင်းတွင် ယနေ့နံနက် ၆ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို ဖွင့်လှစ်ပြီး ကရင်အမျိုးသားအလံတော်ကို လွှင့်တင်ရာ တက်ရောက်လာသူများက အလေးပြုကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးထံမှပေးပို့သော သဝဏ်လွှာကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဖတ်ကြားသည်။
ထို့နောက် ကရင်ရိုးရာကောက်သစ်စားပွဲနှင့် ဖီ့ဗီးယော်ပူဇော်ပွဲကို ဆက်လက်ကျင်းပရာ ကရင်လူမျိုးတို့၏ ရှေးခေတ် ဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ကရင်ရိုးရာအကများဖြင့် သီဆိုဖျော်ဖြေကြသည်။
အဆိုပါအခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုတင့်နှင့်အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ဒေသခံကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)