ငပုတော ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟင်းအိုးချောင်းကျေးရွာအုပ်စု ရေငံသရက် ကုန်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကရင်သက္ကရာဇ် ၂၇၆၁ခုနှစ် (၇၇)ကြိမ်မြောက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်အကြိုနေ့ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်
အဆိုပါ အခမ်းအနားတွင် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ မန်းကျော်သက်က နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပသည်၊ ညပိုင်းတွင် ကရင်ဒုံးယိမ်းအကများ ကရင်တိုင်းရင်းသား သီချင်းများသီဆို၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။
ဆက်လက်၍ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းတွင် သက်ကြီးဘိုးဖွားများအား ပူဇော်ကန်တော့ခြင်း အားကစားပြိုင်ပွဲများ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိက်မြိုက်စွာ ကျင်းပခဲ့ကြပြီး ပွဲတော်သို့ တက်ရောကလာသူများအား ကရင်ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြကြောင်း နှစ်သစ်ကူး ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။
နုနုအေး(ပြန်/ဆက်)