၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တောင်ငူ၌ ကျင်းပ
Jan 04,2022
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက အလံတင်ခြင်းအခမ်းအနား ပြုလုပ်သည်။ ရှေးဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ စိုက်ထူထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား သက်ဆိုင်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလံလွှင့်တင်ခဲ့ပြီး တက်ရောက်လာကြသူများက အလေးပြုခဲ့ကြသည်။