၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား တောင်ငူ၌ ကျင်းပ

တောင်ငူ ဇန်နဝါရီ ၄

၇၄နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားအား တောင်ငူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းက အလံတင်ခြင်းအခမ်းအနား ပြုလုပ်သည်။ ရှေးဦးစွာ နံနက် ၄ နာရီ ၂၀ မိနစ် အချိန်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ  စိုက်ထူထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံအား သက်ဆိုင်ရာ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အလံလွှင့်တင်ခဲ့ပြီး တက်ရောက်လာကြသူများက အလေးပြုခဲ့ကြသည်။

 

ယင်းသို့ အလံလွှင့်တင်ပြီးနောက် နံနက် ၇ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနား ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထက်က  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို ဖတ်ကြားပေးခဲ့ပြီး၊ ယင်းအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ နိုင်ငံတော်အလံအား အလေးပြုခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။

ဆက်လက်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ဝန်ထမ်းများက ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပရာနေရာနှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ကြကြောင်းသိရသည်။

 

ခရိုင်