ပုသိမ်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များ ဖြန့်ဝေ 

ပုသိမ်   ဇန်နဝါရီ   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင်  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ( ၄) ရက်နေ့ တွင်ကျရောက် သည့် (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံ နက်(၆)နာရီကစတင်ကာ  လွပ်ရေးနေ့ အခမ်းအနားကျင်းပရာ ကျောက်တိုင်အားကစားအတွင်းရှိ ဌာနအသီးသီးရှိဝန်ထမ်းများ၊ အခြေခံ ပညာ ကျောင်း များ မှ ဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများကိုဖြန့်ဝေခဲ့ပါသည်။ ဆက်လက်၍စျေးရောင်း ချသူများ၊လူစည်ကားရာ နေရာများရှိ ပြည်သူများထံသို့ ပုသိမ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။ 

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကား လက်ကမ်း စာစောင်တွင် လွတ်လပ် ရေးနေ့အမျိုး သားဦးတည်ချက် ( ၄ ) ရပ် ၊ မြန်မာ့လွတ်လပ်ရေးတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များလွတ်လပ်ရေးကို ကာကွယ်ရမည် ၊ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့စောင့်ရှောက် ၊ တို့များဆင်မြန်း လွတ်လပ်ရေးကဗျာ ၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် ၊ လွတ်လပ်ရေးသည်  ဒို့အသက် ဆောင်ပုဒ် ၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ ၊ မျိုးချစ်အားနှင့် ကာကွယ်ပါ ဆောင်ပုဒ် လွတ် လပ်ရေးနေ့ အထိမ်းအမှတ် ကာတွန်းများ ထည့်သွင်းဖေါ်ပြထားကြောင်း သိရသည်။ 

ခရိုင်