(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jan 03,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ၂၀၂၂-ခုနှစ်၊ ဇန်နဝါရီလ(၄) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၁၀း၀၀) နာရီအချိန်က ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများအား လွတ်လပ်ရေးနေ့နှင့် ပတ်သက်သိအကြောင်းအရာများကို ဗဟုသုတရရှိစေရန် လွတ်လပ်ရေးနေ့သတင်းစကား လက်ကမ်း စာစောင်အား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။